အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2021
တန်ဆောင်မုန်းလဆုတ် ၁၀ ရက် ( နိုဝင်ဘာလ ၂၈ ) ရက်နေ့တွင် ကျရောက်မည့် (101) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် အလယ်တန်းဆင့်နှင့် အထက်တန်းဆင့် စာစီစာကုံး၊ ပန်းချီ၊ ပိုစတာနှင့် ကဗျာပြိုင်ပွဲများကို အခြေခံပညာကျောင်းများတွင် ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ :30 နာရီက ကျောက်တန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာခိုင်နှင့် ဝန်ထမ်းများ က မြို့မစျေး၊ ဆိုက်ကားဂိတ်နှင့် အ.ထ.က( ၁) ကျောင်းရှိ ကျောင်းသား/သူ များအား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
Nov 25,2021
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်   သတင်းစကား  လက်ကမ်းစာစောင် များကို ယနေ့နံနက်ပိုင်းက  ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့  ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန  ဝန်ထမ်းများက   မြို့ပေါ်ရပ်ကွက်များ၌  အခမဲ့  ဖြန့်ဝေခဲ့ကြောင်း သိရ သည်။
Nov 25,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန် ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့အသိပေး ပန်ကြားချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြ စေရန်အတွက် ကရင်၊မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများအား ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။    
Nov 25,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်အထက်တန်း၊ အလယ်တန်း‌ကျောင်းများရှိ အသက် (၁၂)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်(၉)နာရီ မှစတင်၍ ဝါးခယ်မ မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကာကွယ်ဆေး(ဒုတိယအကြိမ်)ဆက်လက် ထိုးနှံပေး ခဲ့ကြောင်းသိရသည်။
Nov 25,2021
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဂေါ့အင်းကျေးရွာအတွင်းရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်- ၁၉  (ပထမအကြိမ်)  လောင်းလုံးမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၉နာရီအချိန်တွင် လောင်းလုံးမြို့နယ်၊ ဂေါ့အင်းကျေးရွာ၊ မူလတန်းလွန်ကျောင်းခန်းမတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Nov 25,2021
နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲ့နေ့ အကြို အထိမ်း အမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို နိုဝင်ဘာ ၂၄ ရက်နေ့၊ မွန်းလွဲ(၂း၀၀)နာရီအချိန်က ရန်ကုန် အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေူဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။