Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပြင်စလူမြို့တွင် မိုးစပါးစံပြကွက် ရိတ်သိမ်းဆောင်ရွက်
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ ၊ကုန်းကြီးကျေးရွာအုပ်စု၊ကုန်းကြီးကျေးရွာတွင် ယမန်နေ့ ညနေ (၄) နာရီ အချိန်၌ တောင်သူဦးဝင်းဇော်ဟိန်းလုပ်ကိုင်ခွင့်ရရှိသည့် ကွင်းအမှတ် (၁၅၁၄)၊ ဦးပိုင်အမှတ်(၆/၂)၊လယ်မြေ (၅)ဧကတွင် စိုက်ပျိုးထား သည့်ပေါ်ဆန်းရင်မိုးစပါး မျိုးသန့် စံပြစိုက်ခင်း၌ ပြင်စလူမြို့ ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများ၊မြို့အဆင့်ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ဒေသခံတောင်သူများစုပေါင်း၍ စံပြကွက် ရိတ်သိမ်းရာ မိုးစပါး (၁)ဧကလျှင် (၆၈.၇၆)တင်းထွက်ရှိခဲ့ပြီး စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်စိုးမိုးမှ စံကွက်ရိတ်သိမ်းခြင်းဖြင့် ရရှိသော အထွက်နှုန်းအပေါ် အကြံပြုဆွေးနွေးခြင်းနှင့် နည်းပညာ ပေးနိုင်ရေး၊ မိုးစပါးစိုက်ဧကအပေါ် မျိုးကွဲအလိုက်(၁)ဧက အထွက်နှုန်းမှန်ကန်စွာ ရရှိနိုင်ရေးနှင့်သတ်မှတ်ထားသော ကွင်းအလိုက်ရိတ်သိမ်း ရမည့် စံကွက်များအားရိတ်သိမ်းနိုင်ရေးတို့ကိုဆွေးနွေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်တွင် ဦးစားပေး ဦးတည်အုပ်စုများအလိုက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပ…
Nov 25,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ဦးစားပေး ဦးတည်အုပ်စုများ အလိုက် ပြည်သူများကို ယနေ့ နံနက်(၉:၀၀)နာရီ အချိန်မှစတင်၍ သတ်မှတ်စုရပ်နေရာ အသီးသီးတို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့တွင် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း လက်တွေ့ပြုလုပ်ပြသ
Nov 25,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် လယ်ယာစွန့်ပစ်ပစ္စည်းများ အကျိုးရှိစွာ အသုံးချပြီး နွေစပါးစိုက်ခင်းများနှင့် အခြားသီးနှံစိုက်ခင်းများ မြေဆီလွှာ အဟာရဓာတ် တိုးတက်လာစေရန်အတွက် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းကို ယမန် နေ့က ဝမ်ဘိုးကျေးရွာ၌ လက်တွေ့ပြုလုပ်ပြသရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမြတ်သူ တက်ရောက်ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ စေတနာလုပ်အားရှင် စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်
Nov 25,2021
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန (Red Ready) စီမံချက်မှဆောင်ရွက်မည့် “စေတနာလုပ်အားရှင် စီမံခန့်ခွဲမှုသင်တန်း”ဖွင့်ပွဲကို ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံ
Nov 25,2021
ရွှေတောင်မြို့နယ်တွင် ကာကွယ်ဆေးမထိုးရသေးသည့် အသက်(၁၈)အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီမှ စတင်၍ သတ်မှတ်ထားသည့် ဆေးထိုးစုရပ် အသီးသီးတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ (၄)မိုင်ဈေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးဆိုင် များအား ကွင်းဆင်းစစ်ဆေး
Nov 25,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ (၄)မိုင်ဈေးအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်က ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ
Nov 25,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ပေး
Nov 25,2021
အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ကျိုက်ထိုမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အရ ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျောင်းသား၊ ကျောင်းသူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကို စုရပ် နေရာဖြစ်သည့် အခြေခံပညာ အထက်တန်းကျောင်း၊ ကျူချောင်ကျေးရွာ၌ ကွင်းဆင်း ပြုလုပ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23943
Page
23944
Page
23945
Page
23946
Current page
23947
Page
23948
Page
23949
Page
23950
Page
23951
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department