လောင်းလုံးမြို့နယ်၊ ဂေါ့အင်းကျေးရွာတွင် အသက် (၁၈)နှစ်နှင့်အထက်ပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

လောင်းလုံး  နိုဝင်ဘာ ၂၅

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဂေါ့အင်းကျေးရွာအတွင်းရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်- ၁၉  (ပထမအကြိမ်)  လောင်းလုံးမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၉နာရီအချိန်တွင် လောင်းလုံးမြို့နယ်၊ ဂေါ့အင်းကျေးရွာ၊ မူလတန်းလွန်ကျောင်းခန်းမတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကာကွယ်ဆေးလာရောက်ထိုးနှံသူ အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကျန်းမာရေး ဝန်ထမ်းများနှင့်လူမှုကူညီရေးအဖွဲ့များက အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန် ပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးပြီး ကျန်းမာရေးအခြေအနေအပေါ်မူတည်၍ ကာကွယ် ဆေးများထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ ကျေးရွာရပ်မိရပ်ဖများ၊ လူငယ်များ၊ လူမှုကူညီရေးအဖွဲ့နှင့် လူမှုပရဟိတ အဖွဲ့တို့က ဝိုင်းဝန်း ကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)