Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ငဖဲမြို့မဈေးမီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် ဈေးဆိုင်များကို ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Nov 25,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်ကာ မြို့မဈေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၇ နာရီက ငဖဲမြို့မဈေးအတွင်း ဈေးရောင်းချနေကြသည့် ဈေးဆိုင်ခန်းများအား ဝင်ရောက်ကြည့်ရှု စစ်ဆေးပြီး အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းအသစ်များအား လုပ်ငန်းကျွမ်းကျင် စေရေးသင်တန်းဖွင့်
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအေးကျော်က ဦးဆောင်၍ ခရိုင်အတွင်း လိုအပ်လျက်ရှိသော လုပ်ငန်းခွင်လိုအပ်ချက်အရ အသစ်ခန့်အပ် ပေးပြီးဖြစ်သော ဝန်ထမ်းသစ်များအား ရုံးလုပ်ငန်း လက်စွဲပါအချက်အလက်များ သိရှိလိုက်နာ စေရန် လုပ်ငန်းကျွမ်းကျင်စေရေး သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Nov 25,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် အောင်လံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီ က Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ်၌ (၁၀၁)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေ
Nov 25,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများအား အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်ထက်မြက်စေရေးအတွက် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၊ အ.ထ.က(၁)ကျောင်း၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Nov 25,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြို အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.က(၁)ကျောင်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ်တွင် နွားမေထုံမဲ့သားစပ်နည်း သင်တန်းဖွင့်လှစ်
Nov 25,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက ကြီးမှူး၍ နွားမေထုန်မဲ့ သားစပ်သင်တန်းဖွင့်ပွဲကို မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ရုံး၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် အိမ်ထောင်စု လူဦးရေစာရင်း(၁၁၀)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်(၆၃၂)ခုအား ပေးအပ်
Nov 25,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေ စာရင်း(၁၁၀)စုနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၆၃၂)ခု ပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေး
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ ကျောင်းသားကျောင်းသူများကို ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ၂၀၂၁-ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ကစတင်ပြီး ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းစု ရပ်များ တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac များကို ယနေ့အထိ ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23933
Page
23934
Page
23935
Page
23936
Current page
23937
Page
23938
Page
23939
Page
23940
Page
23941
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department