အလုံ နိုဝင်ဘာ ၂၅
နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲ့နေ့ အကြို အထိမ်း အမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို နိုဝင်ဘာ ၂၄ ရက်နေ့၊ မွန်းလွဲ(၂း၀၀)နာရီအချိန်က ရန်ကုန် အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေူဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇာလင်းက အမျိုးသားအောင်းပွဲနေ့ဖြစ်ပေါ်လာပုံနှင့် အမျိုးသားနေ့အား အလေးထားတန်ဖိုးထား ရမည့် အကြောင်းများကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပခဲ့ပြီး ဆုရရှိသူ(၅)ဦးအား တာဝန်ရှိသူများက ဆုချီးမြှင့်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြောင်း သတင်းရရှိသည်။