ဝါးခယ်မမြို့နယ်၌ အသက် (၁၂)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများအား(ဒုတိယအကြိမ် ) ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးဆက်လက်ထိုးနှံပေး

ဝါးခယ်မ နိုဝင်ဘာ၂၅

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်အထက်တန်း၊ အလယ်တန်း‌ကျောင်းများရှိ အသက် (၁၂)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်(၉)နာရီ မှစတင်၍ ဝါးခယ်မ မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကာကွယ်ဆေး(ဒုတိယအကြိမ်)ဆက်လက် ထိုးနှံပေး ခဲ့ကြောင်းသိရသည်။

ထိုသို့ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများမှ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ၏ ကျန်းမာရေးများစစ်ဆေး‌ပေးခြင်း၊ လိုအပ်သည့် အကူအညီ များ ပေးခြင်းများကိုဆောင်ရွက်ခဲ့ကြပြီး ကိုဗစ်-၁၉စည်းကမ်းများနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေး ခဲ့ရာ ယနေ့ကာကွယ်ဆေးထိုးနှံသူ ကျောင်းသား/သူဦးရေမှာ စုစုပေါင်း (၂၁၈)ဦးဖြစ်ကြောင်း သိရသည်။

စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)