ပန်းတနော်မြို့တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ပန်းတနော်    နိုဝင်ဘာ    ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာခိုင်နှင့် ဝန်ထမ်းများ က မြို့မစျေး၊ ဆိုက်ကားဂိတ်နှင့် အ.ထ.က( ၁) ကျောင်းရှိ  ကျောင်းသား/သူ များအား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ အမျိုးသားအောင်ပွဲနေ့၊ အမျိုးသားရေးစိတ်ဓါတ်၊ အေးအတူပူအမျှ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန် ပြုလုပ်ကြသော ကျောင်းသားကြီး (၁၁)ဦး၊ ကဗျာ၊ ဆောင်ပုဒ်များ စသည့်အကြောင်း အရာများပါဝင်ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ ဆက်)