(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့  အထိမ်းအမှတ်  သတင်းစကားလက်ကမ်း စာစောင်များ  အခမဲ့ဖြန့်ဝေ                                    

  လိပ်သို  နိုဝင်ဘာ    ၂၅

(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်   သတင်းစကား  လက်ကမ်းစာစောင် များကို ယနေ့နံနက်ပိုင်းက  ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့  ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန  ဝန်ထမ်းများက   မြို့ပေါ်ရပ်ကွက်များ၌  အခမဲ့  ဖြန့်ဝေခဲ့ကြောင်း သိရ သည်။

အဆိုပါ   သတင်းစကားလက်ကမ်းစာစောင်တွင်   ၂၀၂၁ခုနှစ်၊ (၁၀၁)နှစ်မြောက်   အမျိုးသား အောင်ပွဲနေ့  ဦးတည်ချက်များ၊   အမျိုးသားအောင်ပွဲနေ့သမိုင်းကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်  (၁၁.၄.၂၀၂၁)  ရက်နေ့တွင်  ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့်  ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံ ပြောကြားသည့်  အမှာစကားမှ  ကောက်နှုတ်ချက်၊  ရန်ကုန်ယူနီ ဗာစီတီအက်ဥပဒေကို  သပိတ်မှောက်  ရန်သစ္စာဆို  အဓိဌာန်ပြုကြသော  ကျောင်းသားကြီး (၁၁)ဦး  ၏အမည်၊  ရေနံ့သာမောင်ကျော်ညွှန့်ရေး စပ်သီကုံးသည့်  ဘုန်းရှင့်မြန်မာတို့မြန်မာ ကဗျာ၊  အထိမ်းအမှတ်ဆောင်ပုဒ်များ၊   မေးခွန်းနှင့်သဝဏ်လွှာ ကောက်နှုတ်ချက်များပါဝင် သည့်   လက်ကမ်းစာစောင်များကို   မြို့ပေါ်ရပ်ကွက်များတွင်   အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

မြို့(ပြန်/ဆက်)