ကွတ်ခိုင်မြို၌(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင် အခမဲ့ ဖြန့်ဝေ

ကွတ်ခိုင် နိုဝင်ဘာ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်  ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မှ(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်ကမြို့မဈေးနှင့် မြို့နယ်ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင်၂၀၂၁ ခုနှစ်၊ (၁၀၁)နှစ်မြောက်  အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက် များ၊ အမျိုးသားပညာရေး  အမျိုးသားအောင်ပွဲနေ့၊ ရန်ကုန်ယူနီဗာစီတိအက်ဥ ပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ အမျိုးသားရေးစိတ်ဓာတ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၁၁-၄-၂၀၂၁) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှကောက်နုတ်ချက်၊ မျိုးချစ်စိတ်ဓာတ် ထိန်းသိမ်းအပ် ကိန်းဝပ်ရှင်သန် ဇာတိမာန်၊ ရေနံ့သာမောင်ကျော်ညွန့်၏ ဘုန်းရှင့်မြန်မာတို့မြန်မာကဗျာ စတဲ့ အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

ထိုသို့ဖြန့်ဝေရာတွင်ကွတ်ခိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှုး ဒေါ်ဌေးဌေးဝင်းနှင့် ဝန်ထမ်းများက (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များအား ပြည်သူများ လက်ဝယ်အရောက်အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ဌေးဌေး(ကွတ်ခိုင်)