လှိုင် နိုဝင်ဘာ ၂၅ ရက်
ရန်ကုန်တိုင်းသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဝန်ထမ်း များက ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်နှင့်ရပ်ကွက်များသို့ အခမဲ့လိုက်လံ ဖြန့်ဝေပေးခဲ့သည်။
ယင်းလက်ကမ်းစာစောင်တွင် ၂၀၂၁ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၁ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ နှင့်ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်၊ အမျိုးသားရေးစိတ်ဓာတ်၊ အေးတူပူအမျှ၊ ရန်ကုန် ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ အမျိုးသားအောင်ပွဲနေ့ အစရှိသည့် အကြောင်းအရာများ၊ ရေနံ့သာမောင်ကျော်ညွှန့် ရေးသားသည့် “ဘုန်းရှင့် မြန်မာ တို့မြန်မာ” ကဗျာအစရှိသည့် ဗဟုသုတဆိုင်ရာ အကြောင်းအရာများ ပါဝင် ကြောင်း သိရသည်။