သရက်ချောင်း နိုဝင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်နှင့် ၀န်ထမ်းများက ယနေ့ နံနက်(၁၀)နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် အစ်အစ်ကျေးရွာ အ-ထ-က စာသင် ကျောင်း၌ နိုင်ငံသားကပ်ပြားနှင့် အိမ်ထောင်စုစာရင်းများကိုပြုလုပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမောင်မောင်လွင်နှင့် ၀န်ထမ်းများ အစ်အစ်ကျေးရွာအတွင်း နေထိုင်လျက်ရှိသည့် ကျေးလက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်အသက်(၁၀)နှစ်ပြည့်(၆၂)ဦး၊ အသက်(၁၈)နှစ်ပြည့်(၂၄)ဦး၊ စုစုပေါင်း(၈၆)ဦး တို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုစာရင်းများကို အစ်အစ်ကျေးရွာ ပြည်သူ များသို့ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်နှင့်၀န်ထမ်းများက (၂)လတာ ကွင်းဆင်း ဆောင်ရွက်ပြီး ပြည်သူများလက်၀ယ် နိုင်ငံသားကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးနွယ်၀င်း