ကျိုက်ဒုံ နိုဝင်ဘာ ၂၅ ရက်
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ (ပြန်/ဆက်) ဝန်ထမ်းများက ယနေ့ နေ့လယ် ၁၂ နာရီကတန်ဆောင်မုန်းလဆုတ်(၁၀)ရက်နေ့တွင် ပေါ်ပေါက်ခဲ့သည့် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေ သည့်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် များကို (အ.ထ.က)ကျိုက်ဒုံ ကျောင်းသားကျောင်းသူထံ ဖြန့်ဝေဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည် ချက်များ၊ အမျိုးသားအောင်ပွဲနေ့ဆောင်းပါး၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ ပညာရေးကဏ္ဍသည် အရေးကြီး၊အမျိုးသား ရေးစိတ်ဓာတ်၊အေးအတူ ပူသမျှ၊အမျိုးသား ပညာရေး၊ကဗျာ ဆရာ(ရေနံသာမောင်ကျော်ညွှန့်)၏ ဘုန်းရှင့်မြန်မာ တို့မြန်မာ ကဗျာ၊မျိုးချစ်စိတ်ဓာတ် ထိန်းသိမ်းအပ် ကိန်းဝပ်ရှင်သန်ဇာတိမာန် ဆောင်ပုဒ်၊နိုင်ငံသာယာ ဝပြောဖို့တိုင်းရင်းသားအားလုံး စည်းလုံးညီညွှတ်စို့ ဆောင်ပုဒ်များ ပါဝင်ကာ
ထုတ်ဝေထားကြောင်း သိရသည်။
သန်းထွန်းနိုင်