ပခုက္ကူ နိုဝင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိဘပြည်သူများ အမျိုးသားအောင်ပွဲနေ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့် လေ့လာ သိရှိနိုင်စေရန်နှင့် အမျိုးသားရေးစိတ်ဓာတ် ပိုမိုရှင်သန်ထက်မြတ်စေရန်ရည်ရွယ်၍ (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲ နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို နိုဝင်ဘာလ ၂၅ရက် နံနက် ၉နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံကြသည့်ပြည်သူများနှင့် မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာများရှိ ပြည်သူများထံ အခမဲ့ဖြန့်ဝေကြသည်။
လက်ကမ်းစာစောင်အခမဲ့ဖြန့်ဝေရာတွင် ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများ ၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သမိုင်းကြောင်း အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ကောက်နုတ်ချက်များ၊ ဂုဏ်ပြုကဗျာ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၁၁-၄-၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှကောက်နုတ်ချက်၊ (၉၄)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကြောင်းနှင့် အမျိုးသားရေး စိတ်ဓာတ်အဓိပ္ပါယ် စသည့်အကြောင်းအရာများပါဝင်သည့် သတင်းစကားလက်ကမ်းစာစောင် (၂၀၀)ကျော်တို့ကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုလေ့လာသိရှိစေရန်ရည်ရွယ်၍ အခမဲ့ဖြန့်ဝေကြခြင်းဖြစ်ကြောင်းသိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)