ညောင်တုန်းမြို့နယ်တွင် အသက်၁၈နှစ်နှင့် အထက်ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

ညောင်တုန်း နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အသက်၁၈နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို  ယနေ့နံနက် ၉နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးစုရပ်(၆)ခုတွင် ထိုးနှံပေးလျက်ရှိသည်။

ညောင်တုန်းမြို့နယ်အတွင်း အသက်၁၈နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တစ်မြို့နယ်လုံးအတွက် ဆေးထိုးစုရပ် (၆) ခုဖြစ်သော ညောင်တုန်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဆားမလောက်အခြေခံပညာအထက်တန်း ကျောင်း၊ ချောင်းကြီးအခြေခံပညာအထက်တန်းကျောင်း၊ မဲဇလီဒလအခြေခံပညာ အထက်တန်း ကျောင်း၊ စက္ကော့အခြေခံပညာ အထက်တန်းကျောင်းနှင့် သပြေချောင်း အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ဆေးထိုးအဖွဲ့များ ဖွဲ့စည်းထားရှိပြီး နံနက် ၉နာရီမှ မွန်းလွဲ ၃နာရီအထိ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။