ကျိုက်လတ် ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသား စိစစ်ရေးကတ်ပြား တစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီက ငပွေးတန်းစာဖြူ ကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ငပွေးတန်းစာဖြူကျေးရွာအုပ်စုရှိ ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း(၁၁)ဦး၊ ၁၈နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေါင်း (၂၆)ဦး၊ ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့် လဲလှယ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေါင်း(၃၁)ဦး နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီးမိတ္တူ ထုတ်ပေးမှု ပေါင်း(၅၅)ဦး၊ စုစုပေါင်း (၁၂၃)ဦးအား နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဌေးဌေးလှိုင်
ကျိုက်လတ်(ပြန်/ဆက်)