မြိတ်မြို့တွင် မီးဘေးသင့်အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ  သွားရောက် ထောက်ပံ့

မြိတ်    ဒီဇင်ဘာ   ၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ရှမ်းချောင်းရပ် ရှမ်းချောင်းလမ်းမကြီး လမ်းသွယ်ရှိ နေအိမ်တစ်လုံးသည်  မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်း၍ မီးဘေးသင့် ခဲ့ရသော အိမ်ထောင်စု တစ်စုအား ယမန်နေ့ ညနေပိုင်းက ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ ငွေများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မီးဘေးသင့် အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁)သိန်းကျပ်၊ မီးဘေး သင့်လူဦးရေ(၁)ဦးအတွက် တပတ်စာ ဆန်ရိက္ခာဖိုးငွေ(၂၁၀၀)ကျပ်ကို မြိတ်ခရိုင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွေးနွေးစိုးနှင့် တာဝန်ရှိသူများက  သွားရောက်ထောက်ပံ့ပေးခဲ့ကြသည်။

ထို့အတူ မီးဘေးသင့်အိမ်ထောင်စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် မိသား စုသုံး ပစ္စည်းတစ်စုံ၊ အိမ်ဆောက်ပစ္စည်းတစ်စုံနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းတစ်စုံ တို့ကို မြိတ်မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ မီးလောင်ခဲ့သည့်နေအိမ်သည် ဓနိမိုး၊ ဝါးထရံကာ၊ ပျဉ်ခင်းနေအိမ်ဖြစ်၍ နိုဝင်ဘာ (၂၈)ရက်နေ့တွင် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ခိုင်ထူး(မြိတ်)