ကျိုက်လတ်မြို့မဈေးကြီး မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

 

ကျိုက်လတ်      ဒီဇင်ဘာ   

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌  ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့်  မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့မဈေးကြီးတာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့ နံနက်  ၁၀ နာရီက မြို့မဈေးကြီး မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းမှုတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်သူဝင်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသီဟစိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇေယျာမင်းတို့က မြို့မစျေး အတွင်း/အပြင်ရှိ လုံခြုံရေး မီးတပ်ဆင်ဆောင်ရွက်ထားရှိမှု၊ စျေးဆိုင်ခန်းများအလိုက် သွယ်တန်း ထားသော လျှပ်စစ်မီးကြိုးများနှင့် မီးခလုတ်များအား စစ်ဆေးခြင်း၊ လျှပ်စစ်မီးသုံးစွဲရာတွင် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ၊ မီးသတ်ဆေးဗူး ဆောင်ရွက်ထားရှိမှု၊ မီးဘေးလုံခြုံရေးအတွက် မီးသတ်ပစ္စည်း ကိရိယာများထားရှိမှု၊ အရေးပေါ်အခြေအနေများတွင် အသုံးပြုနိုင်မည့် မီးသတ်ပစ္စည်းကြံ့ခိုင်မှု ရှိ/မရှိနှင့် ရေငုတ်များ ရေထွက်ရှိမှုများ အခြေအနေများ အားစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။ 

ဌေးဌေးလှိုင်

ကျိုက်လတ်( ပြန် /ဆက်)