အမာ ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော အသက်(၁၈)နှစ်အထက် ပြည်သူများ အား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က အမာမြို့၊ (၁)ရပ်ကွက်ရှိ တိလောကအောင်တော်မူသာသနာ့ဗိမာန်တော်ကြီးတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယနေ့ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်းကို ကာကွယ်ဆေးမထိုးရသေးသော အသက်(၁၈)နှစ်အထက် ပြည်သူ(၅၀၀)ဦးခန့်အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးနေမှုကို အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်းမှူး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက စနစ်တကျ ဆေးထိုးနိုင်ရန် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အမာ (ပြန်/ဆက်)