အမြို့မြို့အနယ်နယ်သတင်းများ

Nov 30,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပရာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ၊ရပ်/ကျေး အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
Nov 30,2021
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၌လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ဒုတိယခရို်ငဦးစီးမှူးဦးဗိုလ်မြင့် ဦးစီး၍ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စု လူဦးစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကိုထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်၊ မြောက်ရွာရပ်ကွက်နှင့် ကရပ်ပြင် မြောက်ရပ် ကွက်များ၌ ယမန်နေ့မှ ယနေ့အထိ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Nov 30,2021
တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ် (၆ /၂၀၂၁)အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
Nov 30,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား ယနေ့ ညနေ(၃)နာရီအချိန်က  ပလောက်မြို့ ရပ်ကွက်များ၌ လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။
Nov 30,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်တွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွက် ပင်စင်ထုတ်ယူမည့်အငြိမ်းစားဝန်ထမ်းပေါင်း(၄၂၈)ဦးရှိသည့် အနက် ယနေ့အထိ အငြိမ်းစားဝန်ထမ်း(၂၁၅)ဦးအတွက် ပင်စင်လစာငွေကျပ် (၅၂၇၀၂၆၅၈/ ၇၇)တိတိကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့ စီးပွါးရေးဘဏ်မှသိရသည်။    တနင်္သာရီမြို့နယ်မြန်မာ့စီးပွါးရေးဘဏ်တွင်အငြိမ်းစားဝန်ထမ်းများအနေဖြင့် လဆန်း(၁) ရက်မှစ၍ လစာထုတ်ရက်အထိ ဘဏ်ဖွင့်ရက်များ၌ပင်စင်လစာငွေထုတ်ယူခွင့်ရှိသော်လည်း လစဉ်(၂၁)ရက်မှသာ လာရောက်ထုတ်ယူသူ ပိုများသည်ဟု သိရသည်။