အမြို့မြို့အနယ်နယ်သတင်းများ

Dec 01,2021
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ဆင်းရဲနွမ်းပါးမှူလျော့ချရေး လုပ်ငန်းစဉ် တစ်ခုအဖြစ် အခမဲ့ဖွင့်လှစ်ခဲ့သည့် ကျေးလက်နေအမျိုးသမီးများ ဝင်ငွေတိုးပွားစေရေး သက်မွေးအထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်က မွန်ပြည်နယ်၊ သထုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး ခန်းမ၌ ကျင်းပပြုလုပ်သည်။
Dec 01,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ မြန်မာနိုင်ငံသားများ ဖြစ်ကြသော တိုင်းရင်းသား များနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရန် ရည်ရွယ်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက် ဖြင့် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းမှ နိုဝင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းအထိ နားခိုက် ကျေးရွာအုပ်စုအတွင်းရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများသို့ အခမဲ့ ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။
Dec 01,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဦးစီးမှူးရုံးမှဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီက ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 01,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၂၁-၂၀၂၂ခု (၆) လဘဏ္ဍာရေးနှစ် အသက်မွေးဝမ်း ကြောင်းအထာက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင် ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက်၉နာရီအချိန်က စငေါကျေးရွာအုပ်စု၊ ခိုခြဲကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။
Dec 01,2021
မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်‌နေ့ မွန်းလွဲ(၂)နာရီ အချိန်ခန့်က တာဝန်ထမ်းဆောင်နေ‌သော ဝန်ထမ်းများ လုပ်ငန်းခွင်မပျက် ဦးစီးတာဝန်နှင့် ကြေးနန်းစာရေးသားနည်း သင်တန်းပို့ချခဲ့ကြောင်း သိရသည်။
Dec 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောပ်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကာလအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး အစီအစဉ်များကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက် ရှိကြောင်းသိရသည်။
Dec 01,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုများ၊ တပ်ရင်း/တပ်ဖွဲ့များသို့ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။