အမြို့မြို့အနယ်နယ်သတင်းများ

Dec 01,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းလာမှု အပေါ် မြို့ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီအဖွဲ့များက မြို့တွင်း ကန့်သတ်စစ်ဆေးမှုနှင့် နေ့တစ်ပိုင်း ဈေးရောင်း/ဝယ်နှင့်သွားလာမှုကို ပယ်ဖျက်လိုက်သော်လည်း လှည့်လည်စစ်ဆေးမှုများကို ရှောင်တခင်ပြုလုပ် သွားမည်ဖြစ်သည်။
Dec 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတွင် မြို့နယ်တွင်းရှိ ကိုယ်၀န်ဆောင်မိခင်နှင့် ကလေးများအား လစဉ်ပုံမှန် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီကအဆိုပါဌာန၌ ကာကွယ်ဆေးများ အခမဲ့ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
Dec 01,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်၅၅နှစ်နှင့်အထက်ပြည်သူများအား  စတုတ္ထအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို   မြစ်သားမြို့လုပ်အားကြေးမုံခန်းမနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၌ ဆေးထိုးစုရပ်အဖြစ် သတ်မှတ်၍ နေ့စဉ် နံနက် (၉)နာရီမှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။  
Dec 01,2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ Online စနစ်ဖြင့် မြေပြိုဘေးအန္တရာယ် အများပြည်သူအသိပညာပေး (Talk Show) ကို ယနေ့နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပခဲ့သည်။
Dec 01,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် တိုင်းရင်းဆေးရုံ သီးသန့်ဆောင်တွင် ထားရှိကုသပေးလျှက်ရှိသည့် နိုဝင်ဘာ ( ၂၁ )ရက်နေ့က ရောဂါပိုးတွေ့အတည်ပြုလူနာ (၁၈)ဦးမှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည့်အတွက် ယမန်နေ့နံနက်ပိုင်းက ဆေးရုံမှဆင့်ခွင့်ပြုခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ Home Quarantine အဖြစ် (၇)ကြာ ဆက်လက် နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။
Dec 01,2021
 တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာ အုပ်စုတွင် ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီ အချိန်က ကျောက်လုံးကြီးကျေးရွာ၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၌ ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
Dec 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် မြစိမ်းရောင် ဘုရားကြီးအား ရွှေသင်္ကန်းကပ်လှူ ခြင်းနှင့် ဘုရားတန်ဆောင်းတော် နံရံဆေးသုတ်ခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်း လုပ်ငန်းများအား ဂေါပကအဖွဲ့ဝင်များ၏ နှိုးဆော်မှု၊ ဘုရားဒါယကာ၊ ဒါယိကာမများ၏ ပါဝင်လှူဒါန်းမှုများဖြင့် ဆောင်ရွက်လျက်ရှိသည်။
Dec 01,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများအတွက် မိမိတတ်မြောက် ထားသည့် ပညာရပ်များနှင့် အသက်မွေး၀မ်းကြောင်း လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင်ပြီး ကိုယ်ပိုင်၀င် ငွေများရှာဖွေနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ရန်ပုံငွေများချမှတ်၍ သင်တန်း အမျိုးမျိုးဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း စင်းတောင်း ကျေးရွာ အုပ်စု၊ ကောင်လှိုင်းရွာတွင်လည်း ဆိုင်ကယ်ပြင်သင်တန်း ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။