မိုင်းငေါ့ မြို့တွင် Online မှတစ်ဆင့်စက္ကူအရုပ်‌ပြုလုပ်နည်းဆောင်ရွက်

     မိုင်းငေါ့       ဒီဇင်ဘာ   ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောပ်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကာလအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး အစီအစဉ်များကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက် ရှိကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း စာကြည့်တိုက်သို့ လာရောက်ရန် အခက်အခဲ ရှိသူများနှင့် ကျောင်းသား/သူကလေးများအတွက် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ တီထွင်ဖန်တီးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်လာစေရန် ရည်ရွယ်၍   မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်မို့မို့က ရောင်စုံစက္ကူများဖြင့် ပိုးတီကောင်ရုပ် ပြုလုပ်နည်းကို Online မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်       

                                                                                                                      မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)