Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှုန်း ၁.၉၉ ရာခိုင်နှုန်းထိကျဆင်းလာ
Dec 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ပြတ် တောက်ပြီး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စုများတွင် Pilot Project အစီအစဉ်ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း ကို ယမန်နေ့က ဆက်လက်ဆောင်ရွက်လျက်ရှိရာ ရောဂါပိုးတွေ့ရှိမှု ၁.၉၉ ရာခိုင်နှုန်းထိ ကျဆင်းလာကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မူလတန်းကြို ကျောင်းများပြန်လည် ဖွင့်လှစ်သင်ကြားပေး
Dec 01,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန ချောက် မူလတန်းကြို ကျောင်း၌ ယနေ့မှစ၍ အသက်(၃)နှစ်မှ အသက်(၅)နှစ်ထိ မူလတန်းကြို ကျောင်းသား၊ ကျောင်းသူ ကလေးများအား ကျောင်းအပ်လက်ခံပြီး စတင်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်တွင်အသက်(၁၈)နှစ်အထက်ပြည်သူများအားကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးစတုတ္ထအသုတ်(ပထမ)အကြိမ် (၃၈၅၅)ဦး ထိုးနှံပေးပြီးဖြစ်
Dec 01,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှအသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးစတုတ္ထအသုတ်(ပထမ) အကြိမ်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ(၃၈၅၅)ဦးထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတောင်းမြို့သို့ လာရောက်ခိုလုံလျက်ရှိသော စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့လှူဒါန်း
Dec 01,2021
ရှမ်းပြည်နယ်( တောင်ပိုင်း ) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့သို့ လာရောက်ခိုလုံလျက်ရှိသော လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား ကျိုင်းတောင်းမြို့ စေတနာရှင်များမှ ငွေသားများ၊ စားသောက်ကုန်များနှင့် အသုံးအဆောင် ပစ္စည်းများကို ၎င်းတို့နေရပ်၌ သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ အသက်(၁)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ
Dec 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အသက်(၁)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက စတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုး စုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့နယ်၌ သက်မွေးဝမ်းကျောင်း အထောက်ကူပြု အပ်ချုပ်စက်သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Dec 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် ယနေ့ နံနက် ၁၀ နာရီ အချိန်က အခြေခံ အပ်ချုပ်စက်သင်တန်း ၂၀၂၁ - ၂၀၂၂ ခုနှစ် ၆ လ ဘဏ္ဍာရေး နှစ်အတွင်း သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေး
Dec 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မိုးသောက်ပန်းဂျာနယ်ပါ စာရေးဆရာဈာန်လေး(ပညာရေး)၏ “မြန်မာ့ရိုးရာ ကထိန်ပွဲ” ခေါင်းစဉ်ဖြင့် ကဗျာရွက်ဆိုခြင်း အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့်တင်ဆက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ် သမိုင်းချောင်း ရေစီးရေလာ ကောင်းမွန်စေရေးဆောင်ရွက်
Dec 01,2021
မြို့တော်သန့်ရှင်းသာယာ လှပသပ်ရပ်စေရေးနှင့် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများက အမှတ်(၆) ရပ်ကွက်ရှိ သမိုင်းချောင်း ရေစီးရေလာကောင်းမွန်စေရေး ရှင်းလင်း ခြင်းလုပ်ငန်းများအား ယမန်နေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23827
Page
23828
Page
23829
Page
23830
Current page
23831
Page
23832
Page
23833
Page
23834
Page
23835
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department