ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကျင်းပ

ဟိုပုံး ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၂၁-၂၀၂၂ခု (၆) လဘဏ္ဍာရေးနှစ် အသက်မွေးဝမ်း ကြောင်းအထာက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင် ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက်၉နာရီအချိန်က စငေါကျေးရွာအုပ်စု၊ ခိုခြဲကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တောင်ကြီးခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နော်မူးခိုဖောမှ ဟိုပုံးမြို့နယ်အတွင်းရှိ လူငယ်များအတွက် အသက်မွေးဝမ်းကျောင်း အတတ်ပညာ တစ်ခုရရှိိစေရန်၊  ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာစေရန်၊ တစ်ပိုင်တစ်နိုင်အသက်မွေးပညာရပ်များဖြင့် မိသားစုဝင်ငွေတိုးပွားစေရန်၊ ဒေသတွင်း ကျွမ်းကျင် လုပ်သားရှားပါးမူများလျော့နည်းလာပြီး ကျေးလက်နေပြည်သူများ၏ အသိပညာဗဟုသုတများ တိုးတက်မြင့်မား လာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းလျှော့ချရန် စသည်တို့ကိုရှင်းလင်း ပြောကြားပြီး ဟိုပုံးမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလွင်မြင့် ကသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်သည်များကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍  သင်ထောက်ကူပစ္စည်းများပေးအပ်ရာတွင် ဟိုပုံးမြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလွင်မြင့်၊ ဟိုပုံးမြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထျာရယ်၊ စငေါကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးပန်းအောင်တို့က သင်တန်းသားများအား အသီးသီး ပေးအပ်ခဲ့ကြကြောင်းသိရသည်။ အဆိုပါသင်တန်းကို ဒီဇင်ဘာလ(၁)ရက်နေ့မှ ဒီဇင်ဘာလ(၃၀) ရက်နေ့အထိ သင်တန်းဖွင့်လှစ် ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟိုပုံးခရိုင်(ပြန်/ဆက်)