အမြို့မြို့အနယ်နယ်သတင်းများ

Dec 01,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်း ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရေး အတွက် မြို့နယ်အတွင်း ဖြတ်သန်းသွားလာကြသည့် ခရီးသည်ယာဉ်များ၊ မြေသယ်ယာဉ်များနှင့် ဆိုက်ကယ်များအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် အညီ မောင်နင်မှုရှိ၊ မရှိ စစ်ဆေးခြင်းကို ဒီဇင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းက မြို့သစ်ရပ်ကွက်၌ စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
Dec 01,2021
မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်မြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်ကမ်းနားလမ်းရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကြီးကြပ်မှုအောက်ရှိ သီရိမာလာဈေးသို့ ယ‌နေ့ နံနက်ပိုင်းက မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
Dec 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ရက်အလိုက်ဆက်တိုက် ထိုးနှံ ပေးလျက်ရှိရာ အသက် ၁၈ နှစ်အထက်ရှိသူများ၊ သတ်မှတ်ဦးစားပေး အုပ်စုများတွင် ပါဝင်သူများကို ယနေ့ နံနက် ၉ နာရီမှစ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ပဏ္ဍိတာရာမ စလင်း ကျောင်းတိုက် ဓမ္မာရုံတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့် အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။
Dec 01,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းလာမှုအပေါ် မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအဖွဲ့များက မြို့တွင်း ကန့်သတ်စစ်ဆေးမှုနှင့် နေ့တစ်ပိုင်း ဈေးရောင်း/ဝယ်နှင့်သွားလာမှုကို ပယ်ဖျက်လိုက်သော်လည်း လှည့်လည်စစ်ဆေးမှုများကို ရှောင်တခင်ပြုလုပ်သွားမည်ဖြစ်သည်။
Dec 01,2021
ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင်၊ဘုရားသုံးဆူမြို့တွင် မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ရေအလိုက်စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး အဆိုပါ ဆောင်ရွက်မှုအား ဘုရားသုံးဆူမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ဘုရား သုံးဆူမြို့ကြက်ခြေနီတပ်ဖွဲ့ဝင်များဖြင့်ပူပေါင်း၍ ပြောင်မထိမ်ကျေးရွာအုပ်စု၊ ဂျပန်ရေတွင်း ကျေးရွာ တွင် ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်ပြီး  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
Dec 01,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာတွင် ဘက်စုံသုံးမုန်တိုင်းဘေးဒဏ်ခံ အဆောက်အဦ (Multi-Purpose Shelter) ရာနှုန်းပြည့် တည်ဆောက်ပြီးစီးမှု အခြေအနေ များအား ယနေ့နံနက် ၉ နာရီအချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
Dec 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ “ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ် အတွင်းရှိ အသက် ၁၂ နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ များအား ယနေ့ နံနနက် ၉ နာရီမှစ၍ ခနောင်တို အရှေ့ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (အထက-ခနောင်တို)ခန်းမတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက် ရှိသည်။
Dec 01,2021
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ အရန်မီးသတ်ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲကို လပွတ္တာမြို့နယ် မီးသတ်စခန်း၌ ယနေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။