အမြို့မြို့အနယ်နယ်သတင်းများ

Dec 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အား အသက် ၁၈ နှစ်အထက်နှင့် ကာကွယ်ဆေးထိုး အုပ်စုများအလိုက် ပထမအကြိမ်အား ထိုးနှံပေးပြီးဖြစ်ရာ ဒုတိယ အကြိမ် ဆေးထိုးနှံရန် ရက်ပြည့်မြောက်သူများအား ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ အမှတ် (၁) ရပ်ကွက်ရှိ လှဧကရီခန်းမ၌ စတင်၍ထိုးနှံပေးခဲ့သည်။
Dec 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် နိုဝင်ဘာ ၂၉ ရက်နေ့ မွန်းလွဲပိုင်းမှ ယမန်နေ့အထိ မွန်းလွဲ ၃ နာရီအတွင်း စစ်ဆေးချက်များအရ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားသူ ၁၀ ဦးထပ်မံတွေ့ရှိကြောင်းကျန်းမာရေးဌာနမှ သိရသည်။
Dec 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရန်၊ ရေစီးရေလာ ကောင်းမွန် စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ခြင်များပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ (၁)လမ်းရှိ လမ်းနှင့် မလွတ်သည့် သစ်ပင်၊ သစ်ကိုင်းများ ရှင်းခြင်း၊ အမှိုက်များ၊ ချုံနွယ်များနှင့် မြက်များကို ယနေ့ နံနက်(၈)နာရီအချိန်က ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။
Dec 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမဆေးထိုးစုရပ်၌ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ကို ဒေသခံပြည်သူများသို့ ဦးစားပေးဦးတည်အုပ်စုများအလိုက် ဆက်လက်ထိုးနှံဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
Dec 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင်ကျေးရွာအများစုက တစ်ပိုင်တစ်နိုင် ထပ်တရာပန်း စိုက်ပျိုးခြင်း‌ကြောင့်ပုံမှန်ဝင်ငွေရရှိနေကြောင်း ကျေးရွာဒေသခံပြည်သူများ ထံမှသိရသည်။
Dec 01,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သီတဂူကျောင်းရှေ့ရှိ မြို့အဝင်/အထွက် စောင့်ကြည့် စစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေး အရေးယူခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 01,2021
ရှမ်းပြည်နယ်၊ မူဆယ်မြို့၌ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၊ အဆင့်မြင့် စက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က အဆိုပါသင်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
Dec 01,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီတွင် ရပ်ကွက်၊ ကျေးရွာများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။