Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တာမွေမြို့နယ်တွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်
Dec 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကို ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ပြည်သူများအနေဖြင့် နေအိမ်မှ ပြင်ပသို့ ထွက်ခွာသွားလာသည့် အခါတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်သည့် အမူအကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီ စျေးများနှင့် ကုန်စည်ပွဲရုံများဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းအချိန်က တာမွေ မြို့နယ်ရှိ ကျောက်မြောင်းစျေးတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှုကို အရှိန် အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဌာနဆိုင်ရာများသို့ စာဖတ်ရှိန်မြှင့်တင်ရေးကွင်းဆင်းဆောင်ရွက်
Dec 01,2021
စာဖတ်သူထံသို့ စာအုပ်များလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး မြန်မာ၊ရှမ်းနှစ်ဘာသာဖြင့် လှည့်လည် နှိုးဆော်
Dec 01,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာရမည့် အချက်များအား အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၈နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရှိ ရပ်ကွက်များသို့ သွားရောက်လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ နယ်မြေလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဆိုင်ကယ်စီးနင်းမှု ဆိုင်ရာ ဒေသန္တရအမိန့်ထုတ်ပြန်ကြေညာ
Dec 01,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အများပြည်သူ၏ လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကိစ္စအတွက် ဆိုင်ကယ်စီးနင်းမှုဆိုင်ရာ ဒေသန္တရအမိန့် (၁/၂၀၂၁)ကို နိုဝင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့တွင် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Dec 01,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော “အခြေခံစက်ချုပ်သင်တန်း” သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံက်ပိုင်းက သရက်လိန်အုပ်စု သူရဲဇီးကျေးရွာဓမ္မာရုံ၌ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ်တွင် မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်း ဆောင်ရွက်
Dec 01,2021
နမ္မတူမြို့နယ်တွင် မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲ ခရိုင်၊ နမ္မတူမြို့နယ်၊ မြို့တော်ခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ အခြေခံပညာ သင်ကျောင်းများ ပြန်လည်ဖွင့်လှစ်
Dec 01,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအားလုံး နိုဝင်ဘာလ ၃၀ ရက်နံနက်ပိုင်းမှစတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ စနစ်တကျပြန်လည်ဖွင့်လှစ်လျှက်ရှိပြီး ကျောင်းသား ကျောင်းသူများ အခြေခံပညာ ကျောင်းအသီးသီးတွင် စတင်ပညာသင်ကြားနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Dec 01,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ ဆေးရုံကြီးနှင့် ကျေးလက်ဆေးခန်း ဆေးထိုးစုရပ်အသီးသီးတွင် ပုံမှန်ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23824
Page
23825
Page
23826
Page
23827
Current page
23828
Page
23829
Page
23830
Page
23831
Page
23832
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department