ပန်းတောင်းမြို့တွင် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပန်းတောင်း ဒီဇင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော “အခြေခံစက်ချုပ်သင်တန်း” သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံက်ပိုင်းက သရက်လိန်အုပ်စု သူရဲဇီးကျေးရွာဓမ္မာရုံ၌ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်မြင့်ထွန်းတက်ရောက်အမှာစကား ပြောကြားပြီး၊ အခြေခံစက်ချုပ်သင်တန်း တတ်ရောက်သော သင်တန်းသူများကို တာဝန်ရှိသူများက အသီးသီးလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အခြေခံစက်ချုပ်သင်တန်းဆင်းပွဲသို့ သင်တန်းသူ ၂၅ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ နိုဝင်ဘာ(၁)ရက်နေ့မှ (၃၀)ရက်နေ့ထိ (၁)လကြာမြင့်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)