နမ့်စန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ အခြေခံပညာ သင်ကျောင်းများ ပြန်လည်ဖွင့်လှစ်

နမ့်စန်() ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအားလုံး နိုဝင်ဘာလ ၃၀ ရက်နံနက်ပိုင်းမှစတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ စနစ်တကျပြန်လည်ဖွင့်လှစ်လျှက်ရှိပြီး ကျောင်းသား ကျောင်းသူများ အခြေခံပညာ ကျောင်းအသီးသီးတွင် စတင်ပညာသင်ကြားနေကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျှက်ရှိပြီး အဆိုပါကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ဆရာ/ဆရာမများ ကျောင်းဝင်ပေါက်တွင် အပူချိန်တိုင်းပေးခြင်း၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်စေခြင်း ၊ လက်ဆေးခြင်း ဆောင်ရွက်နေမှုနှင့် ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အေးချမ်းတည်ငြိမ်စွာ ပညာ သင်ကြားနေမှု အခြေအနေတို့ကို ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင်  မူလတန်း အလယ်တန်းနှင့် အထက်တန်းအဆင့် အခြေခံပညာ ကျောင်း ၁၂၈ ကျောင်း ရှိပြီး ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်နေ့၌ပထမအကြိမ် ကျောင်းများ အားလုံးဖွင့်လှစ် ခဲ့သော်လည်း ကိုဗစ်-၁၉ရောဂါအခြေအနေအရ ပြန်လည်ပိတ်ခဲ့ကာ ယခုအခါ ရောဂါဖြစ်ပွားမှု လျော့နည်းလာမှု အခြေအနေအရ အခြေခံပညာကျောင်းများအား ပြန်လည် ဖွင့်လှစ်သင်ကြား ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်