မိုင်းပျဉ်း ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာရမည့် အချက်များအား အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၈နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရှိ ရပ်ကွက်များသို့ သွားရောက်လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ပြတ်တောက်ပြီး ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် ရောဂါကာကွယ်ရေးနည်းလမ်းများကို စနစ်တကျ လိုက်နာကြရန်၊ ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများတွင် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်စသည့်အချက်များကို မြန်မာ၊ရှမ်းဘာသာစကားဖြင့် နှိုးဆော်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ရုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျှက်ရှိကြောင်း သိရသည်။
ခင်သန္တာအောင်၊(မိုင်းပျဉ်း)