Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တောင်ဥက္ကလာပမြို့နယ်တွင် ဦးစားပေးဦးတည်အုပ်စုများအလိုက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ပထမအကြိမ် ထိုးပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံ…
Dec 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ဦးစားပေးဦးတည်အုပ်စုများအလိုက် ပြည်သူများကို ယနေ့ နံနက်(၉)နာရီ အချိန်မှစတင်၍ သတ်မှတ်စုရပ်နေရာ အသီးသီးတို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Dec 01,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်များမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့ပေါ်ရှိ စေတီတော်များအား ရောင်တော်ဖွင့်ခြင်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်
Dec 01,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့ပေါ်ရှိ စေတီတော်များအား ရောင်တော် ဖွင့်ခြင်း၊ သန်းရှင်းရေးဆောင်ရွက်ခြင်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား မြို့နယ် မီးသတ် ဦးစီးမှူးဦးစိုးလင်းထွန်းဦးဆောင်ပြီး မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့၌ နွေစပါးတင်း ၁၂၀ ထွက်ရှိရေး နည်းပညာပေး သင်တန်းဖွင့်လှစ်
Dec 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူးရုံးတွင် နွေစပါး တင်း ၁၂၀ ထွက်ရှိရေးအတွက် နည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းနားကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ အသက်(၅၅)နှစ်အထက်နှင့် အသက်(၄၀)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေး
Dec 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၅၅)နှစ်အထက်နှင့် အသက်(၄၀) ရဟန်းရှင်လူပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေး ခြင်းလုပ်ငန်းကို မြို့နယ်အတွင်း စုရပ်သုံးနေရာများ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူ ၈၄၆ ဦး ရှိပြီး ဆေးထိုးနှံပြီး ၄၇၄၂၄ ဦးရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပင်၌ covid -19 ရောဂါ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေး
Dec 01,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မြို့တော်ခန်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ covid -19 ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ဒီဇင်ဘာ ၁ ရက် နံနက် ၈ နာရီမှစ၍ ဉီးတည်အုပ်စုအလိုက် Sinoparm တရုတ်နိုင်ငံထုတ် covid -19 ကာကွယ်ဆေး ထိုးနှံခြင်းကို ဌာနဆိုင်ရာ ၀န်ထမ်းများ၊ ဟိုပင်မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈ အုပ်စုရှိ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှုအရှိန် အဟုန်မြှင့်ဆောင်ရွက်
Dec 01,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ပြည်သူများအနေဖြင့် နေအိမ်မှ ပြင်ပသို့ ထွက်ခွာသွားလာသည့်အခါတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်သည့် အမူအကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် စည်ပင်သာယာရေး ကော်မတီစျေးများနှင့်ကုန်စည်ပွဲရုံများဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီ ဝင်များနှင့် မြို့နယ်စည် ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ ကျောက်မြောင်းစျေးတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး
Dec 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီက မြို့နယ်စည်ပင်သာယာရေး ရုံးသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23822
Page
23823
Page
23824
Page
23825
Current page
23826
Page
23827
Page
23828
Page
23829
Page
23830
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department