အမြို့မြို့အနယ်နယ်သတင်းများ

Dec 01,2021
ဧရာ၀တီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊​​ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီအနေဖြင့် ကိုဗစ်ရောဂါကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ပိုင်းက မြောင်းမြမြို့နယ် ရွှေသာလျောင်းဘုရားဝန်းအတွင်း တွင် အသက်(၁၈)နှစ်နဲ့အထက် ပြည်သူများအား Sinophram ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ပထမအကြိမ်နှင့် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးရမည့် ပြည်သူများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Dec 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ သပြုကျေးရွာအုပ်စု၊ ကဇင်းတောကျွန်းကျေးရွာတွင် ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂(ပ)၆လ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။
Dec 01,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ် ကျေးရွာအုပ်စု တီကျစ် အ.ထ.က ကျောင်း၌ အသက်(၁၈)နှစ်အထက် ကာကွယ်ဆေး မထိုးရသေးသည့် ပြည်သူများ စတုတ္ထသုတ်ပထမအကြိမ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၄၉၅)ဦး ရှိကြောင်း သိရသည်။
Dec 01,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ အသက်(၁၂)နှင့် အသက် (၁၈)နှစ် ကြားရှိ ကျောင်းသား၊ ကျောင်းသူများအား မန်ကန်မြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းခွဲညက်ကာ‌ကျောင်းများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ပထမအကြိမ်ကို ယနေ့ နံနက် ၉နာရီအချိန်က စတင်ထိုးနှံ‌ပေးခဲ့ကြောင်း သိရသည်။
Dec 01,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉​ရောဂါ ကူးစက်မှုများ ပပျောက်စေရေးအတွက် အထူးစီမံချက်ဖြင့် ​ရောဂါစစ်ဆေးမှုများကို နေ့စဉ်ကွင်းစစ်ဆေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုလမ်းမကြီးပေါ်၌ သက်ဆိုင်ရာပူး​ပေါင်းအဖွဲ့က ဖြတ်သန်းသွား လာနေ ကြသည့် မိဘပြည်သူများကို ရောဂါစစ်ဆေးမှုများ (အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Dec 01,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်ကူပြု ဆပ်ပြာ၊ ဆပ်ဆီနှင့် ခေါင်းလျော်ရည် ပြုလုပ်နည်းသင်တန်းကို ကျောက်ချက် ကျေးရွာအုပ်စု၊ အလယ်ရွာကျေးရွာ မိုးသောက်ပန်း စာကြည့်တိုက်၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Dec 01,2021
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဘုန်းတော်ကြီးကျောင်းနှင့် ပရိယတ္တိစာသင်တိုက်များတွင် လိုအပ်လျက်ရှိသော လှူဖွယ်ပစ္စည်းများကို ထောက်ပံ့ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့မွန်းလွဲပိုင်း တွင် ထားဝယ်မြို့ပေါ်ရှိဘုန်းတော်ကြီး ကျောင်းများသို့ဆန်အိတ်များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
Dec 01,2021
စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ဧရာမင်းမိုးစပါး စံကွက်ရိတ်သိမ်းခြင်း လက်တွေ့သရုပ်ပြသပွဲကို ယနေ့နံနက်ပိုင်း က ကျောက်ဆည်ကျေးရွာအုပ်စု၊ ကုန်းရွာကျေးရွာ တောင်သူ ဦးကျော်ဆန်း၏ သက်နုကောက်ကွက်ကျယ် စံပြစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။