အမြို့မြို့အနယ်နယ်သတင်းများ

Dec 13,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းပပျောက်ရေးဆိုင်ရာ ထိန်းချုပ်ရေးနှင့် ပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ကုတင်(၅၀)ဆံ့ တနင်္သာရီ မြို့နယ်ပြည်သူ့ဆေးရုံရှိ ဓာတ်ခွဲခန်းတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်း၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ပြင်ပမှလူနာ(၇)ဦးအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test-Kit ဖြင့်စစ်ဆေးပေးရာ လူနာသစ်ထပ်မံ(မတွေ့)ရှိရဘဲ လက်ရှိတွင်ကုသမှုခံယူနေသည့် ကိုဗစ်လူနာလည်းတစ်ဦးမျှ(မရှိ) ကင်းစင်လျက်ရှိကြောင်း သိရှိရသည်။
Dec 13,2021
စာကြည့်တိုက်သို့ လာရောက်သည့် စာဖတ်ပရိသတ်လူငယ်များအား ဗဟုသုတဖွံ့ဖြိုးစေရန်၊ စာဖတ် စွမ်းရည် မြင့်မားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်လာစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ် စွမ်းရည်နှင့် စကားပုံဆက်ပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre)ခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည်။
Dec 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့နံနက် ၁၀:၃၀ အချိန်က နွေစပါးနှင့် နေကြာစိုက်ပျိုးသည့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချပေးခြင်း အခမ်းအနားကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
Dec 13,2021
  မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က  သီးကုန်းကျေးရွာ ၊ ကွင်းအမှတ် ၈၈၂ ၊ ဦးပိုင်အမှတ် ၁၁၈ ရှိ တောင်သူ ဦးသန်းစိန်၏ မနောသုခ(RS)စိုက်ဧက နှစ်ဧကတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 13,2021
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး နည်လမ်းများအား ယနေ့ နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်အတွင်း၌ လှည့်လည်နှိုးဆော်ခဲ့သည်။
Dec 13,2021
ကျောက်ဆည်ခရိုင်တံတားဦးမြို့နယ်ပြူကန်ကျေးရွာတွင်မိုးစပါးမျိုးစေ့ထုတ်(RS-CS)ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ပြူကန်ကျေးရွာ ပြူကန်ကွင်း တောင်သူ ဦးဝင်းချို၏ မနောသုခ မျိုးစပါး စိုက်ခင်း၌ ကျင်းပကြောင်းသိရည် ။
Dec 13,2021
အခြေခံစားနပ်ရိက္ခာလိုအပ်ချက်ရှိသော အိမ်ထောင်စုများအတွက် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)က လူသားချင်းစာနာမှုဆိုင်ရာ စားနပ်ရိက္ခာ(ဆန်)များ ထောက်ပံ့ပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆင်းရဲ နွမ်ပါးမှုအမြင့်ဆုံး မြို့နယ်များတွင် နေထိုင်သည့် အိမ်ထောင်စုများသို့ တစ်အိမ်ထောင်လျှင် ၅၀ ကီလိုဂရမ် (၂၄)ပြည်ခွဲခန့် ဆန်တစ်အိတ်စီကို လိုက်လံထောက်ပံ့လှူဒါန်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ အောက်တိုဘာလအတွင်း ပထမအကြိမ် အိမ်ထောင်စုပေါင်း ၄၃၅၆၈ စုကို ပေးဝေခဲ့ပြီး၊ ဒုတိယအကြိမ်မြောက်အဖြစ် အိမ်ထောင်စုပေါင်း ၄၄၇၇၂ စုအား ဒီဇင်ဘာလ ၉ ရက်နေ့က စတင်ပြီး မြို့နယ် အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် အိမ်ထောင်စုတစ်စုလျှင် ဆန် ၁ အိတ်နှုန်းဖြင့် လှူဒါန်းပေးဝေလျက် ရှိကြောင်းသိရသည်။
Dec 13,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် လယ်လှကျေးရွာတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများအဖွဲ့က ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။