တံတားဦးမြို့နယ် ပြူကန်ကျေးရွာတွင် မိုးစပါးမျိုးစေ့ထုတ် (RS-CS) ကွင်းသရုပ်ပြပွဲကျင်းပ

တံတားဦး  ဒီဇင်ဘာ ၁၃

ကျောက်ဆည်ခရိုင်တံတားဦးမြို့နယ်ပြူကန်ကျေးရွာတွင်မိုးစပါးမျိုးစေ့ထုတ်(RS-CS)ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ပြူကန်ကျေးရွာ ပြူကန်ကွင်း တောင်သူ ဦးဝင်းချို၏ မနောသုခ မျိုးစပါး စိုက်ခင်း၌ ကျင်းပကြောင်းသိရည် ။

ကွင်းသရုပ်ပြပွဲတွင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်စိုးနှင့် ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး  ဦးစိုးနိုင်တို့က အမှာစကားပြောကြားကြပြီး တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့်က ကွင်းသရုပ်ပြပွဲ ကျင်းပရခြင်း ရည်ရွယ် ချက်များ ရှင်းလင်းပြောကြားရာတွင် ကောက်ပင်များကို ခြောက်တန်းတစ်တန်းလှပ်စနစ်ဖြင့်ကောင်း၊ မျိုးကွဲနှုတ်ပယ်ခြင်း လုပ်ငန်းကို သုံးကြိမ်ဆောင်ရွက်ရကြောင်း၊ ဒါ့အပြင် ပိုးမွှားကျရောက်သည့် အပင်၊ မျိုးကွဲနှုတ်ပယ်မှုတွင် ပေါင်းမြက်များ  ခွင့်ပြုပမာဏထက် ကျော်လွန်လျှင် စိုက်ပျိုးရေးဦးစီးဌာနမှမျိုး အဖြစ်သုံး စွဲခွင့်ပြုမည်မဟုတ်ကြောင်း၊ မျိုးစပါးများ ရိတ်သိမ်းသည့်အခါ သန့်စင်မှုနှင့် ထားသိုမှု စနစ် မှန်ကန်မှသာလျှင်၊  မျိုးစပါးများအဖြစ် ပြန်လည်ရရှိမည်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းပြောကြားကြ သည်။ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တောင်သူများက  မိုးစပါး  မျိုးစေ့ထုတ်(RS-CS) ကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးကြကာ တောင်သူများက မိမိတို့သိရှိလိုသည့် များကိုဆွေးနွေးကြရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးကြသည်။

တံတားဦးမြို့နယ် ပြူကန်ကျေးရွာ ပြူကန် ကန်ရေသောက်မှ မိုးစပါး (၆၈၅)ဧက၊ ကင်းတားဆည် ရေသောက်(၁၁၄)ဧက၊ စုစုပေါင်း(၇၉၉)ဧကကို စိုက်ပျိုးပါကြောင်း၊ ပြူကန်ကန်ရေသောက်မှ တောင်သူ များသည်  မိုးစပါးများ ရီတ်သိမ်းလျှင် ဆောင်းကုလားပဲကို သီးထပ်အဖြစ် ဆက်လက်စိုက်ပျိုးမည်ဖြစ် ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်ညွန့်ထံမှ သိရသည်။

ရဲတင့်(တံတားဦး)