Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မင်းလှမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော် ဆောင်ရွက်
Dec 13,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးနှိုးဆော် ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီက အမှတ်(၄)ရပ်ကွက်တွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ်၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး
Dec 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံး ခေတ္တမြို့နယ် မှူးလက်ထောက်ညွှန်ကြားရေးမှူး ဦးထင်အောင်၊ လဝကမှူး ဒေါ်တင်မာလွင်နှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား များ ပြုလုပ်ပေးခြင်းကို ယမန်နေ့ကထီဖာကျေးရွာအုပ်စု မာလကာကုန်းကျေးရွာ မင်္ဂလာခန်းမတွင် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Dec 13,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသား အရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေးအတွက် မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၈) နာရီအချိန်က စတင်၍ ခရမ်းမြို့နယ်၊ ကမာမတ်စံပြကျေးရွာတွင် ခရမ်းမြို့နယ် မြို့နယ် ဦးစီးမှူး ဦးမောင်မောင်သန်းနှင့် ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်တွင် အသက် (၁၈)နှစ်နှင့် အထက် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Dec 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးစုရပ်(၆)ခုတွင် ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ အခြေခံပညာကျောင်းများ ယနေ့မှစ၍ ပြန်လည်ဖွင့်လှစ်
Dec 13,2021
ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၌ COVID-19 ရောဂါ ကူးစက် ပြန့်ပွားမှုများပြားလာသည့်အတွက် အခြေခံပညာကျောင်းများယာယီပိတ်ထားခဲ့ပြီး ယနေ့ ဒီဇင်ဘာလ၁၃ရက်နေ့မှစ၍ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ် ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်ရှိ အောင်တော်မူဧစေတီ ဘုရားပုရဝဏ် သန့်ရှင်းသပ်ရပ်လှပစေရေးအတွက် စုပေါင်းဆောင်ရွက်
Dec 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၊ ကျောက်မြောင်းအရှေ့ရပ်ကွက် မြို့ပတ်လမ်းတွင် တည်ထားကိုးကွယ်တော်မူသော အောင်တော်မူ ဧစေတီ ဘုရားပုရဝဏ် သန့်ရှင်း သပ်ရပ်စေရေးနှင့် လာရောက်ကြသည့် ဘုရားဖူးပြည်သူများ အဆင်ပြေချောမွေ့စွာ ဖူးမြော်ကြည်ညို နိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ ပရဟိတ လူမှုကူညီရေးအသင်းဝင်များ ပူးပေါင်း၍ ဘုရားပုရဝဏ်အတွင်း စုပေါင်းတံမြက်စည်းလှည်းခြင်း၊ ရင်ပြင်တော်အတွင်း ဘုရားဖူးများ အသွားအလာများသည့် နေရာများအား ရေများဖြင့် ဆေးကြောခြင်း၊ ဘုရားရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် အမွှေးနံ့သာများ ကပ်လှူပူဇော်ပြီး စုပေါင်းကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးစုရပ်၌ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက ဒေသခံပြည်သူများသို့ ဦးစားပေး ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်) ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့အပြင် နိုဝင်ဘာလ ၉ ရက်နေ့နှင့် ရှေ့ပိုင်း (ဒုတိယ အကြိမ်)ကာကွယ်ဆေးထိုးနှံရန် သတ်မှတ်ရက်ပြည့်သူများကိုလည်း တစ်ပြိုင်တည်း ထိုးနှံဆောင် ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ်များကိုလည်း ထုတ်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Dec 13,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်းက ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23776
Page
23777
Page
23778
Page
23779
Current page
23780
Page
23781
Page
23782
Page
23783
Page
23784
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department