အမြို့မြို့အနယ်နယ်သတင်းများ

Dec 13,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင် စုကလိမြို့ တွင် နွေရာသီရောက်ရှိလာပြီးဖြစ်သဖြင့် ပေါ့ဆမီး၊  မီးဖို ချောင်မှတစ်ဆင့်မီးလောင်ကျွမ်းခြင်း၊ တောမီးလောင်ခြင်း များကြောင့် မီးလန့်မှုများ မဖြစ်ပေါ် စေရေးတို့ကို အသိပညာပေးဆောင်ရွက်သည့်အနေဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ စုကလိမြို့ သန္တေမီးသတ်ဦးစီးဌာနမှ တာဝန်ခံတပ်ကြပ်ကျော်သူမိုးမှ ဦးဆောင်၍ စုကလိမြို့ နေအိမ်များ နှင့် စျေးဆိုင်ခန်းများအား ယနေ့နံနက် ၁၀ နာရီအချိန်က တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး ခြင်းကိုဆောင်ရွက်ခဲ့သည်။
Dec 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ်   ဆက်လက် ထိုးနှံပေးခြင်းကို မြို့နယ်အတွင်း ရပ်ကွက်များအလိုက် သတ်မှတ်စုရပ်နေရာများတွင် ယနေ့ နံနက် ၉ နာရီအချိန်က  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Dec 13,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါပိုး ကူးစက်မှုမရှိစေရေးအတွက်  ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၉  နာရီအချိန်က မီးသတ်ဦးစီးဌာနနှင့်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဝန်ထမ်းများမှရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
Dec 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကံစုအနောက်ကျေးရွာအုပ်စုရှိ တင်းကုတ်ကြီးကျေးရွာနှင့် ကဇောင်းလေးကျေးရွာ မြေသားရွာလမ်းများအား ကျေးရွာဆရာတော်၏ ဦးဆောင်မှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများ ပူးပေါင်းကာ စက်ယန္တရားများနှင့်အတူ ကိုယ်ထူကိုယ်ထစနစ်ဖြင့် တူးဖို့ဆောင်ရွက်လျက်ရှိသည်။
Dec 13,2021
 ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့တို့ ပူးပေါင်း၍ မိုင်းအန္တရာယ် အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။
Dec 13,2021
ပြည်မြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပုလဲသီတာခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ ယောဂီ ကျောင်းလမ်း၊ သိပ္ပံပစ္စည်းစက်ရုံ၀န်းရှိ ကိုဗစ်-၁၉ကုသ​​ရေးစင်တာတွင် ယနေ့ နံနက်ပိုင်းက ဒေသခံ ပြည်သူများသို့ ဦးစားပေး ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ်နှင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံဆောင် ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ်များကိုလည်း ထုတ်ပေး လျက်ရှိသည်။
Dec 13,2021
ကျောင်းသား၊ကျောင်းသူ ကလေးသူငယ်များ အနေဖြင့်    အားလပ်ချိန်များကို   အကျိုးရှိစွာ  အသုံးချတတ်ရန်၊  ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာစေရန်၊  ကိုယ်ပိုင်တီထွင်  တတ်သည့်  အတွေးအခေါ်များ  ရှိစေရန်၊  စာကြည့်တိုက်ကို  အသုံးပြုတတ်စေရန်  ရည်ရွယ်၍  ကရင် ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ကလေး စာဖတ်ခန်းတွင်  ယမန်နေ့မွန်းလွဲ  (၁)နာရီအချိန်က ပန်းချီပြိုင်ပွဲ  နှင့် စွမ်းရည်ပြိုင်ပွဲများ  ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။