အမြို့မြို့အနယ်နယ်သတင်းများ

Dec 13,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းက ပန်းခင်းစီမံချက်ဖြင့် ပလကျေးရွာ အုပ်စုရှိ ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဦးရေစာရင်းများကို ကွင်းဆင်း၍ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Dec 13,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ.ထ.က(၄)ကျောင်းရှိ သီရိရတနာခန်းမတွင် ယမန်နေ့ နံနက် (၉း၀၀) အချိန်က အသက်(၁၈)နှစ်အထက် ရက်ကွက်နေပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Dec 13,2021
၂၀၂၁ ခုနှစ် ၊  ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ခရိုင်တွင်း ( ၅) မြို့နယ်  အသက်( ၂၅ ) နှစ်အောက်  အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို  ယနေ့ ညနေ ( ၃  ) နာရီက  ပြင်ဦးလွင်ခရိုင်အားကစားကွင်းအတွင်း၌  ကျင်းပပြုလုပ်ရာ   ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာအကြီးအကဲများ၊  ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊   ပြိုင်ပွဲဝင်အသင်းများနှင့် ဘောလုံး ဝါသနာရှင်များတက်ရောက်အားပေးကြသည် ။
Dec 13,2021
ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ယမန်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ( ၆၇) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ ပိုး​တေွ့လူနာ (၂)ဦး တေွ့ရှိပါသဖြင့် ၎င်းပိုးတွေ့ လူနာသစ် (၂)ဦးအား လွိုင်ကော်​ဆေးရုံ​ကြီးတွင်ထားရှိ ကုသပေးလျက်ရှိကြောင်း သိရှိရသည်။