ကော့ကရိတ်မြို့ရှိ စာဖတ်ပရိသတ်လူငယ်များအား စာဖတ်စွမ်းရည်နှင့် စကားပုံဆက်ပြိုင်ပွဲများ ကျင်းပ

ကော့ကရိတ်   ဒီဇင်ဘာ  ၁၃

စာကြည့်တိုက်သို့ လာရောက်သည့် စာဖတ်ပရိသတ်လူငယ်များအား ဗဟုသုတဖွံ့ဖြိုးစေရန်၊ စာဖတ် စွမ်းရည် မြင့်မားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်လာစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်စွမ်းရည်နှင့် စကားပုံဆက်ပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre)ခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ်က ပြိုင်ပွဲ ကျင်းပပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ထို့နောက် စာဖတ်ပရိသတ် လူငယ် (၁၀)ဦးတို့က စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ဒို့ကျေးရွာဂျာနယ် အတွဲ (၁၈) ၊ အမှတ် (၂၃)တွင် ပါရှိသည့်  တက္ကသိုလ်မလေးခိုင်ရေးသားသည့် လိပ်နှင့် လင်းယုန်ငှက် ခေါင်းစဥ်နှင့် စကားပုံဆက် ပြိုင်ပွဲကို ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ အဆိုပါ ပြိုင်ပွဲအပြီးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြိုင်ပွဲဝင်လူငယ်များအား ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)