အမြို့မြို့အနယ်နယ်သတင်းများ

Dec 13,2021
မ​ကွေးတိုင်း​ဒေသကြီး၊ မ​ကွေးခရိုင်၊​ ချောက်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊တက္ကသိုလ်ဝင်ခွင့်စာ​မေးပွဲ​ဖြေဆိုခွင့်​လျှောက်လွှာများကို ယ​နေ့နံနက်ပိုင်း က မြို့နယ်ပညာ​ရေးမှူးရုံးနှင့်သက်ဆိုင်ရာအ​ခြေခံပညာ​ကျောင်းများ တွင်​ လျှောက်ထားလျက်ရှိ​ကြောင်းသိရသည်။
Dec 13,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ပြုလုပ်ပေးခြင်းကို ယမန်နေ့က စည်ပင်ကြီးကျေးရွာအုပ်စု၊ စည်ပင်ကြီးကျေးရွာ၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 13,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း၌ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ခွဲမှူး ဒေါ်လှလှဝင်းဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ (ICRC) အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ ကူညီပံ့ပိုးမှုဖြင့် မြို့ပေါ်ရပ်ကွက်များတွင် ယာယီ ဖွင့်လှစ်ထားသော တိုက်ပွဲရှောင်စခန်းများသို့ ယနေ့ နံနက် ၉ နာရီအချိန်တွင် မိုင်းအန္တရာယ် အကြောင်း သိကောင်းစရာများအား သွားရောက်အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြောင်း သိ ရသည်။
Dec 13,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနဝန်ကြီး ဦးထွန်းခင်၊ လူမှုရေးရာဝန်ကြီး ဝန်ကြီးဦးစိုးပိုင်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မင်းဘူးခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်သော အဖွဲ့သည် ယနေ့နံနက် ၈ နာရီက ငဖဲမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိရာ ငဖဲမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံ၍ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
Dec 13,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိ စေရန်နှင့် လျော့ကျစေရန် ရည်ရွယ်၍ အမှတ်(၇) ရပ်ကွက်၊ ကျန်းမာရေးဒေသန္တရတွင် ယနေ့ နံနက် (၉)နာရီ အချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမ)အကြိမ် ထိုးနှံပေးခြင်းများ ကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများ လိုက်နာရမည့် အချက်များအား အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၇)နာရီက ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 13,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇ ပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မဲပရခီး ကျေးရွာအတွင်းရှိ ကျေးလက်နေ ပြည်သူများ သိရှိလိုက်နာရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ မွန်လွဲပိုင်းအချိန်က Hand Speaker ဖြင့် လှည့်လည် နှိုးဆော်ခဲ့ကြသည်။
Dec 13,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှု လုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန် မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။