Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဆွမ်ပရာဘွမ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Dec 13,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ဒေသနေပြည်သူများအား စာဖတ်ရှုသည့် အလေ့အကျင့်ရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိလာသော အကျိုးကျေးဇူးများအကြောင်း သိရှိနိုင်စေ ရန်ရည်ရွယ်ကာ ယနေ့ နံနက်(၁၀)နာရီက စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသား ပြုစုထားသော “ကိုယ့်ကိုယ်ကိုယုံကြည်မှု”စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုသွေးမဂ္ဂဇင်း အမှတ် ၂ မိတ်ဆက်ပွဲပြုလုပ်
Dec 13,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ရွှေဘိုမြို့နယ် စာရေးဆရာအသင်းက ကြီးမှူးထုတ်ဝေသော ရွှေဘိုသွေးမဂ္ဂဇင်း အမှတ် ၂ စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်၌ "ပန်းခင်း" စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိ
Dec 13,2021
"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့"ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ရှမ်းပြည်နယ် မြောက်ပိုင်း၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ဟိုပန်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးဝင်းဦးနှင့် ဝန်ထမ်းများသည် ယမန်နေ့က ဟိုပန်မြို့နယ်၊ ရွှေဝါကျေးရွာနှင့် နောင်မိုကျေးရွာများသို့ သွားရောက်၍ "ပန်းခင်း"စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 13,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်များအရ ယနေ့ နံနက် (၁၀)နာရီ အချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေးများ မဖြစ်မနေထိုးနှံကြရန် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရေနှင့် ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်များအား သန့်ရှင်းရေးပြုလုပ်
Dec 13,2021
မြို့သန့်ရှင်းသာယာလှပစေရေနှင့် ရေစီးရေလာကောင်းမွန်စေရန်အတွက် ရည်ရွယ်ကာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ယမန်နေ့ နံနက်(၈း၀၀) အချိန်ကစတင်ကာ ရေမြောင်များအား သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့ Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အပန်းပြေ ပျော်ရွှင်စေရေး ဂိမ်းပြိုင်ပွဲများကျင်းပ
Dec 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ အသိပညာတိုးပွားလာစေရန် ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် စုပေါင်းအားကစားပြိုင်ပွဲများအား အပတ်စဉ်ပြုလုပ်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်က စတင်၍ ဂိမ်းပြိုင်ပွဲများအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် သမော်အင်းကျေးရွာတွင်(VDP) စီမံကိန်းရန်ပုံငွေဖြင့် အကောက်အထည်ဖော် ဆောင်ရွက်သည့် ကျေရွာတွင်း မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင်ခြင်းလု…
Dec 13,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မုန်းမြင့်ကျေးရွာအုပ်စု၊ သမော်အင်းကျေးရွာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ခြောက်လဘတ်ဂျတ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း(VDP) ရန်ပုံငွေဖြင့် ကျေးရွာတွင်း မြေသားလမ်းအား မြေနီကျောက်စရစ် လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့ ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူသိရှိလိုက်နာရမည့်အချက်များနှင့် ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန် ရောဂါအကြေ…
Dec 13,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာရမည့်အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် နှင့် ကျေးရွာအတွင်း အသိပညာပေးနှိုးဆော်လျက်ရှိ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23777
Page
23778
Page
23779
Page
23780
Current page
23781
Page
23782
Page
23783
Page
23784
Page
23785
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department