ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး နည်လမ်းများအား ယနေ့ နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်အတွင်း၌ လှည့်လည်နှိုးဆော်ခဲ့သည်။
ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဆင်ပေါင်ဝဲ မြိုနယ်ရုံးမှ ဦးစီးအရာရှိဦးနိုင်လင်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင် ကာကွယ်ရေး နည်းလမ်းများအား မိဘပြည်သူများ အနေဖြင့် မဖြစ်မနေလိုက်နာ ဆောင်ရွက်ကြရန် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)