ဖြူးမြို့နယ်တွင် အများပြည်သူသုံးစွဲရန်မသင့်ဟု ကြေညာထားသောဆေးများနှင့် ထုတ်လုပ်ခွင့်လိုင်စင် ထုတ်ယူခြင်းမရှိသော တိုင်းရင်းဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချခြင်း မရှိရေးစစ်ဆေး

ဖြူး မေ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အများပြည်သူသုံးစွဲရန်မသင့်ဟု ကြေညာထားသောဆေးများနှင့် ထုတ်လုပ်ခွင့်လိုင်စင်ထုတ်ယူခြင်းမရှိသော တိုင်းရင်းဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဖြူးမြို့မဈေးအတွင်းရှိ  ဆေးဆိုင်များတွင် ဆေးဝါး/ ဆေးပစ္စည်းဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးနှင့်ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဝန်ထမ်းများကပူးပေါင်း၍ အများပြည်သူသုံးစွဲရန်မသင့်ဟု ကြေညာထားသော ဆေးများနှင့် ထုတ်လုပ်ခွင့် လိုင်စင်ထုတ်ယူခြင်းမရှိသော တိုင်းရင်းဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချခြင်း ရှိ/မရှိကို စစ်ဆေးခဲ့ပြီး ဆေးဆိုင်များတွှင် ဆေးဝါး/ ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကောင်းမွန်သောဆေးဝါး ရောင်းချမှုကျင့်စဉ်နှင့်ညီ/ မညီ၊  သိုလှောင်မှုရှိ/ မရှိကြည့်ရှုစစ်ဆေးပြီး တရားမဝင်၊ သက်တမ်းလွန်၊ လိုင်စင်မဲ့ ဆေးများ မရောင်းချရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရသေ့ဆေး(သို့မဟုတ်)ထိုင်းဗိန်းတောဆေးသည်  ထိုင်းနိုင်ငံ FDA မှ စားသုံးသူများ ဘေးအန္တရာယ် ဖြစ်ပေါ်စေသည့်ဆေးဖြစ်ကြောင်း အသိပေးထုတ်ပြန်ထား၍ အဆိုပါဆေးဝါးများ မရောင်းချရေးနှင့် အများပြည်သူများသိရှိရန်အတွက်ရည်ရွယ်ကြောင်း ဖြူးမြို့နယ်တိုင်းရင်းဆေးမှူးထံမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)