၂ ၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း အခမ်းအနားကျင်းပ

ဟုမ္မလင်း မေ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း ချင်းတွင်းတံတား(တံတား)ထမံသီ တည်ဆောက်ခြင်းလုပ်ငန်းနှင့် ဥရုတံတား အဆင့်မြှင့်တင်ခြင်း၏ ကမ်းပြိုကာကွယ်ခြင်းလုပ်ငန်းတို့၏တည်ဆောက်ခြင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေး လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန် ဟုမ္မလင်းမြို့ဆောက်လုပ်ရေးရုံးတွင် ကျင်းပခဲ့ကြောင်းသိရသည်။ 

အဆိုပါအခမ်းအနားတွင် ညွှန့်ကြားရေးမှူး(မြို့ပြ) တည်ဆောက်ရေးအဖွဲ့(၂)ဦးညီညီဇော်နှင့် ဟုမ္မလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းနှင့် ပတ်သတ်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အိတ်ဖွင့်တင်ဒါယှဉ်ပြိုင်တင်သွင်းသူများမှ သိလိုသည် များမေးမြန်ပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်းသိရသည်။

ထိုနောက် ကုမ္မဏီ (၁၁)ခုမှ အိတ်ဖွင့်တင်ဒါလျှောက်လွှာများ တင်သွင်းခြင်း၊ ဖွင့်ဖောက်ဖတ်ကြားမှတ်တမ်းတင်ခြင်းနှင့်စျေးနှုန်း အနည်းဆုံးတင်သွင်းသူများအား ကြေညာ​ခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

(မြို့နယ်ပြန်/ဆက်)