ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်များပုံမှန်ထုတ်ပေး

ကျောက်တန်း မေ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ  ပင်စင်စားများအား ပင်စင်လစာများကို ယမန်နေ့နံနက်ပိုင်းက စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက်  ရပ်ကွက်/ ကျေးရွာများအား နေ့အလိုက် သတ်မှတ်ပေးထားခြင်း၊  ပင်စင်စားဝန်ထမ်းများ သက်တောင့်သက်သာ အနားယူနေနိုင်ရန်  အမိုးအကာများ ထားရှိပေးထားခြင်း၊ တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာအဝေးတွင် ထိုင်ခုံများ ထားရှိပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ လက်ဆေးရန် ဆပ်ပြာနှင့် လက်ဆေးဘေစင် ထားရှိဆောင်ရွက်ထားခြင်း စသည်တို့ကို မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများက စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“ဒီကနေ့ပင်စင်စထုတ်သည့်ရက်မှာ ပင်စင်စား(50)ဦးအား ထုတ်ပေးခဲ့ပြီး ငွေပမာဏအနေဖြင့် ကျပ်(51561069.80)ရှိပြီး နောက်ရက်တွေမှာလည်း ဆက်လက်ထုတ်ပေးသွားမှာဖြစ်ပါတယ်”လို့ ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာက ပြောကြားသည်။ 

ဒေါ်အိသန္တာချို (ကျောက်တန်း)