အမြို့မြို့အနယ်နယ်သတင်းများ

May 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၄)နာရီအချိန်က ကျင်းပခဲ့သည်။
May 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် မိုးရာသီကာလ၌ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ပိုးလောက်လန်းစစ်ဆေးခြင်းနှင့်ခြင်  ခိုအောင်းနိုင်သည့်နေရာများအား ဆေးဖျန်းခြင်းကို  ယမန်နေ့ ညနေ ၂ နာရီ ပုလောမြို့ အမှတ် ၂ ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
May 25,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ကြို့ကုန်း၊ မအူဒိုင်းနှင့် မိုးကောင်း ကျေးရွာတို့တွင် ယမန်နေ့နံနက် ၁၀ နာရီက ဓါတ်အားပို့လွှတ်ခြင်းနှင့် ကြို့ကုန်းရွာတွင် ကျေးရွာမီးလင်းရေး ဖွင့်ပွဲပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဗိုလ်မှူး မင်းအောင်ကျော်လင်း၊ မြို့နယ်လျှပ်စစ်မှူး ဦးထွန်းလွင်နှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်စိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
May 25,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား နဝမအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့  နံနက်ပိုင်းက  သတ်မှတ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
May 25,2022
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၇)လုံး ပြိုကျခြင်းနှင့် အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
May 25,2022
ကရင်ပြည်နည်၊  ဘားအံခရိုင်၊  လှိုင်းဘွဲမြို့နယ်၊  ပိုင်ကျုံမြို့၊  အမှတ်(၂)ကွက်တွင် တည် ထားကိုးကွယ်သည့် ရွှေတီဂုံပုံတူအနှိုင်းမဲ့ဆုပန်ပြည့်စေတီတော်မြတ်ကြီး၏ ပရဝုဒ်အတွင်း၌ သဒ္ဓမ္မ‌ဇောတိကဓဇ ဘွဲ့‌တံဆိပ်တော်ရ ပိုင်ကျုံမြို၊ ပရဟိတ-မြို့မသာသနာ ပြုကျောင်းဆရာတော် ဘဒ္ဒန္တဓမ္မသိရီအား ထပ်ဆင့်ဂုဏ်ပြုပွဲ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆု‌ ပေးပွဲအခမ်းအနားကို ယမန့်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  
May 25,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် သစ်တောဦးစီးဌာနသည် ၂၀၂၂ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးရန်အတွက် လူထုဖြန့်စိုက်ပျိူးရန် ပျိုးပင်ပေါင်း (၃၅၀၀၀)၊ ဒေသခံပြည်သူနှင့် အစုအဖွဲ့စိုက်ခင်းများအတွက် ပျိူးပင်(၁၅၀၀၀)စုစုပေါင်း ၅၀၀၀၀ ကို ပျိုးထောင်ထားကြောင်း သိရသည်။