ချောင်းဆုံ မေ ၂၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ ကမိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ(၁၅)ရွာမှ နေအိမ်ပြိုကျပျက်စီးခဲ့သော ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်လည်းကောင်း၊ အဆိုပါဘေးသင့်သည့် ကျေးရွာများ နေအိမ်အရောက်သို့လည်းကောင်း မြို့နယ်တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများကို ပြည်သူများ၏ လက်ဝယ်အရောက်ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနဦးစီးအရာရှိ ဒေါ်အင်ကြင်းချမ်းနှင့် တာဝန်ရှိသူများက ကျေးရွာ(၁၅)ရွာအတွင်းရှိ လူဦးရေ(၃၄၈)ဦးအတွက် တန်ဖိုးရိက္ခာငွေ(၇၃၀၈၀၀)ကျပ်၊ ပြိုကျပျက်စီးသည့် အိမ်ခြေ(၁၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ(၂၂၀၀၀၀ဝိ/)-ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁၁)ပုံး၏ တန်ဖိုး ငွေ(၅၀၆၃၉၆)ကျပ် တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၆၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၃၀၀၀၀ဝိ/-)ကျပ်၊ ဘုန်းကြီးကျောင်း(၁)ကျောင်းအတွက် ထောက်ပံ့ငွေ(၂၀၀၀၀၀)ကျပ်စုစုပေါင်း (၆၉၃၇၁၉၆) ကျပ်အား ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ်(ဘေး/စီမံ)ဦးစီးဌာနမှ သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)