ဘားအံ မေ ၂၄
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီးခင်ဇော်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ လိုက်ပါ၍ ယနေ့မွန်းလွဲ ၁ နာရီခန့်က မဟာမဲခေါင်ဒေသ အရှေ့-အနောက် စီးပွားရေးစင်္ကြန်လမ်းမကြီးပေါ်ရှိ ဂျိုင်း(ကော့ကရိတ်)တံတား တည်ဆောက်ရေး လုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများက ဂျိုင်း(ကော့ကရိတ်)တံတား တည်ဆောက်ရေး လုပ်ငန်းခွင် ရှင်းလင်းဆောင်၌ တံတားတည်ဆောက်ပြီးစီးမှုအခြေ အနေများနှင့်စပ်လျဉ်း၍ တံတားချဉ်းကပ်လမ်းနှင့်တံတား ကိုယ်ထည်တည်ဆောက်ရေး တိုးတက်ပြီးစီးမှုအခြေအနေနှင့် တံတားတည်ဆောက်ရေးလုပ်ငန်းခွင်တစ်ခုလုံး အနေဖြင့် ၇၀ ဒသမ ၅ ရာခိုင်နှုန်းပြီးစီးမှုအခြေအနေ၊ ၂၀၂၃ ခုနှစ် မတ်လတွင်ဖွင့်လှစ်နိုင်ရေး လျာထားဆောင်ရွက်နေသည့်အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြား၍ သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)