ပန်းတနော်မြို့နယ်တွင် (Grade-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဆင်းပွဲ ကျင်းပ

ပန်းတနော် မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (Grede-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က အ.ထ.က (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပန်းတနော်မြို့နယ် ပညာရေးမှူးဦးဝင်းနိုင်ဆွေက (Grade-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းတွင် မိမိတို့ သင်ယူလေ့လာမှတ်သားထားသော ဘာသာရပ်များကို ကျောင်းသား/ သူများအား ပြန်လည် သင်ကြားရာတွင် နားလည်သဘောပေါက်လွယ်စေရန် စေတနာ မေတ္တာအပြည့်ဖြင့် သင်ကြား ပေးကြရန် ဆွေးနွေးပြောကြားခဲ့ပြီး သင်တန်းနည်းပြများက သင်တန်းတွင် သင်ကြားပို့ချခဲ့သော ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများ၊ ပညာရေးကဏ္ဍဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေး ပြောကြားခဲ့ပြီး တာဝန်ရှိသူများမှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို  မေလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ သင်တန်းနည်းပြ ဆရာ ဆရာမ (၁၁)ဦးဖြင့် ဖွင့်လှစ်သင်ကြားပိုချပေးခဲ့ရာ အခြေခံပညာအထက်တန်းအဆင့် ကျောင်းဆရာ ဆရာမ သင်တန်းသား/ သူ စုစုပေါင်း (၂၀၁)ဦး တက်ရောက်သင်ယူခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)