ညောင်တုန်းမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး(Mask Campaign) ဆောင်ရွက်

ညောင်တုန်း မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး (Mask Campaign) ဆောင်ရွက်ခြင်းကို  ယနေ့ နံနက်၈နာရီက မြို့နယ်ပြည်သူ့ဆေးရုံရှေ့တွင် အသိပညာပေးဆောင်ရွက်ခဲ့သည်။

ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း လျော့နည်းကျဆင်းနေသော်လည်း ပြည်သူများအနေဖြင့်  နှာခေါင်းစည်း(Mask)များ တပ်ဆင်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေထိုင်ကြရန် အသိပညာပေး၍ နှာခေါင်းစည်း(Mask)များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။

မြို့နယ်(ပြန်ဆက်)