ဒဂုံတောင် မေ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများတွင် ယနေ့နံနက်(၀၉:၀၀)နာရီကစတင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု စတင်လက်ခံပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအပ်နှံရန် လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များနှင့် ကျောင်းသားမိဘများအား စာရင်းပေးသွင်းစေပြီး သက်ဆိုင်ရာအပ်နှံပေးနေသည့် နေရာအသီးသီးသို့ သွားရောက်အပ်နှံစေကာ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် သင်ထောက်ကူပစ္စည်းအစုံအလင်ကို အခမဲ့ဖြန့်ဝေပေးလျက်ရှိပြီး ကျောင်းအပ်နှံရန် လာရောက်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးနေလျက်ရှိကြောင်း သိရသည်။
ထို့နောက် မြို့နယ်အတွင်း အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများအားလုံးတွင် ကျောင်းအပ်နှံနေမှု အခမဲ့စတင်လက်ခံပေးနေလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။
သက်မင်းဟန် (ဒဂုံတောင်)